ဟားခါး ဖေဖော်ဝါရီ ၆
(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းအမျိုးသားနေ့အခမ်းအနားကို တစ်နှစ်နှင့်တစ်နှစ် တမူထူးခြားကောင်းမွန်အောင် နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝအောင် အစိုးရဌာနဆိုင်ရာအသီးသီးမှ အမှုထမ်း၊ အရာထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုနှင့် အောင်မြင်အောင် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ပညာကိုအခြေခံသော ကြိုးစားအားထုတ်မှုမျိုးမှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများဟာ အဆိုပါနိုင်ငံ၊ အဆိုပါလူမျိုး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းဖော်ဆောင်ရန် အခြေခံကျပြီး အရေးပါသည့် ( Soft Power ) တစ်ခုလည်းဖြစ်ကြောင်း၊ ချင်းစာပေနှင့်ယဉ်ကျေး မှုနယ်ပယ်ကို သုတေသနပြုဆွေးနွေးတင်ပြခြင်းဟာ ချင်းစာပေနှင့် ယဉ်ကျေးမှုကို အားပေးမြှင့်တင် နေခြင်းလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် စုစည်းနေထိုင် ရာ ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုများကို သိရှိနားလည်ခြင်းဟာ ပြည်ထောင်စုတည်တံ့ခိုင်မြဲခြင်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် များစွာအထောက်အကူဖြစ်စေပါကြောင်း၊ သုတေသနဆိုတာ “သုတ” အသိအမြင်နှင့် “အာသန” သိုမှီးဆည်းပူးခြင်းဆိုသည့် ပါဋ္ဌိစကားလုံး(၂)လုံး ပေါင်းစပ်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ တကယ်တော့ သုတေသနဟာ စာပေယဉ်ကျေးမှုနယ်ပယ်မှာသာမက သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အဖွဲ့အစည်းအေးချမ်းတည်ငြိမ်ကောင်းမွန်ရေး၊ ဆေးသိပ္ပံနှင့် ပြည်သူ့ကျန်းမာရေး စသည့် နယ်ပယ်အသီးသီးတွင် အလွန်အရေးကြီးသည့် အဆင့်မြင့် လေ့လာဆည်းပူးမှုပုံစံဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ စာတမ်းဖတ်ပွဲ ကျင်းပခြင်းဖြစ်ကြောင်းနှင့် စာတမ်းဖတ်ပွဲတွင်ပါဝင်ကြသည့် သဘာပတိများ၊ စာတမ်းရှင်များနှင့် တက်ရောက်ပါဝင်ဆွေးနွေးပေးကြသူများအားလုံး အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ကြသည့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး (၂) ဒေါ်မန်ဟောက်နျန်းနှင့် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီတို့အား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ Grade 11 နှင့် Grade 12 ဆရာ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းနည်းပြများနှင့် သင်တန်းကြီး ကြပ်သူများဖြစ်ကြသည့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့အား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲ ဆက်လက်ကျင်းပရာ ဟားခါးတက္ကသိုလ် သမိုင်းဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာနန်းလှိုင်က “မြန်မာနိုင်ငံ ချင်းလူမှုသမိုင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟားခါးတက္ကသိုလ် ဥပဒေပညာဌာန ကထိက (ဌာနမှူး) ဒေါက်တာသက်ထားဝေက “မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ချင်းဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းရေးနှင့် ပစ္စည်းခွဲဝေရေးတို့ကို နှိုင်းယှဉ်လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထန်မွန်းခိုင်က “ချင်းတိုင်းရင်းသားများ၏ ဝိသေသရှေ့ဆောင်စကားလုံးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြရာဖတ်ကြားသည့် စာတမ်းများအပေါ် အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပရိသတ်များက မေးမြန်းဆွေးနွေးလိုသည့် အချက်များကို ဆွေးနွေးမေးမြန်းကြပြီး စာတမ်းရှင်များက ပြန်လည်ဖြေကြားကြကာ မြန်မာနိုင်ငံချင်းလူမှုသမိုင်း” နှင့်ပတ်သက်၍ သဘာပတိအဖွဲ့ဝင် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ကလည်းကောင်း၊ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ချင်းဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းရေးနှင့် ပစ္စည်းခွဲဝေရေးတို့ကို နှိုင်းယှဉ်လေ့လာတင်ပြခြင်းနှင့်ပတ်သက်၍ သဘာပတိအဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊ ချင်းတိုင်းရင်းသားများ၏ ဝိသေသရှေ့ဆောင် စကားလုံးများနှင့်ပတ်သက်၍ သဘာပတိအဖွဲ့ဝင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်(၂) ကလည်းကောင်း ပြန်လည်သုံးသပ်ကြပြီး (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပ နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီးသိန်းထွန်းအောင်က ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)