ကွန်ဟိန်း ဖေဖော်ဝါရီ ၇
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်သဲမာက လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မြတ်မွန်ဖြိုးက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရန် ကိုယ်လက်လှုပ်ရှား အားကစားလည်းအရေးကြီးကြောင်း၊ လူငယ်နှင့်အားကစားအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဘောလုံးလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းသား၊ ကျောင်းသူ (၆၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)