မြန်အောင် ဒီဇင်ဘာ ၄
မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာနှင့်ခုနှစ်အိမ်တန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ဒီဇင်ဘာ ၂ ရက်နေ့က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် (၂၇-၁၁-၂၀၂၀)ရက်နေ့က ဖြစ်ပွားခဲ့သော ဝါးအိမ်တစ်လုံး မီးလောင်ကျွမ်းမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၁၀၀၀၀ဝိ/-)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၆၃၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် (၃၀- ၁၁-၂၀၂၀)နေ့တွင် သပြေကုန်းကျေးရွာအုပ်စု ခုနှစ်အိမ်တန်းကျေးရွာတွင် မီးဘေးသင့် သစ်အိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၁၀၀၀၀၀ဝိ/-)၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၂၇၃၀ဝိ/-)၊ အိမ်ထောင်စု(၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီ ကို ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှတာဝန်ရှိသူများနှင့်မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှတာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)၊ မြန်အောင်