စာအုပ်စာပေ ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

ညောင်ရွှေ      ဇန်နဝါရီ       ၁၀

စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒေါ်မြမြဝင်းက "အိုသော်လည်း အပယ်မခံရအောင် အလုပ်ကို ဇွဲခတ်၍ လုပ်ပါ" အကြောင်းကိုလည်းကောင်း၊ ဒေါ်အိမွန်ကျော်က "အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင် အများနှင့် ပြေလည်အောင်ဆက်ဆံတတ်ပါစေ" အကြောင်းကိုလည်းကောင်း၊ ဒေါ်ဆွေဆွေလဲ့က “အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ချင်းစာစိတ်ထားနိုင်ပါစေ" အကြောင်းကိုလည်းကောင်း၊ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြက "အလုပ်လုပ်တဲ့နေရာမှာ အောင်မြင်ချင်ရင် ဇွဲသတ္တိကို အထူးမွေးမြူပါ" အကြောင်းကိုလည်းကောင်း၊ စာရေးဆရာ ဦးသောင်းဖေက "အလုပ်လုပ်တဲ့ နေရာမှာ စလယ်ဆုံး ကောင်းမြတ်ခြင်းဂုဏ်နဲ့ ပြည့်စုံပါစေ" အကြောင်းကို လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက ဆွေးနွေးချက်များအပေါ် အပြန်အလှန် သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ