မိုင်းယန်းမြို့၌ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မိုင်းယန်း ဖေဖော်ဝါရီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီ    ၇ ရက် နံနက် ၉ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာအား မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်ကဖတ်ကြားသည်။ ဆက်လက်၍ မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းလှိုင်ခမ်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းနေမျိုးသူရိန်မှ ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို ရှင်းလင်းဖတ်ကြား ခဲ့ကြောင်း သိရသည်။  

ထို့နောက် ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ တိုင်းရင်းသားယဉ်ကျေးမှုအသင်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ယဉ်ကျေးမှုအကအဖွဲ့များအားတာဝန်ရှိသူများမှ ဂုဏ်ပြုထောက်ပံ့ငွေ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး