ပင်းတယ ဇန်နဝါရီ ၇
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ယနေ့ နံနက်ပိုင်းက အ.ထ.က(ကြိုသက်)ပင်းတယနှင့် အခြေခံပညာကျောင်းများတို့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင်၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ စသည့် အကြောင်းအရာများနှင့် ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းတို့ ဖော်ပြပါရှိကြောင်း သိရသည်။
အောင်ကိုဦး(ပင်းတယ)