မိုင်းရယ်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲ ကျင်းပ

မိုင်းရယ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံး၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများကို ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကဗျာပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း၊ မူလွန်(တပ်တွင်း)၊ အ.လ.ကနှင့် မူလွန်(၁)ကျောင်းတို့မှ  အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများက လူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)