မိုင်းရယ်မြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

မိုင်းရယ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ယနေ့နံနက် ၇ နာရီက နမ့်ရယ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ အမှတ် (၃၅၀)အမြောက်တပ်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ဖတ်ကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးနိုင်က ဖတ်ကြားပြီး ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ဒေါ်နန်းစိန်ညွန့်က မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းရင်းသားရိုးရာအကအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် က‌ပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)