မက်မန်း ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်၏ ပြည်နယ်/ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှုစာရင်းတွင် ရည်မှန်းရန် အဆိုပြုချက်များ ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မက်မန်းမြို့၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဇော်မင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်းနေစိုးမှ တက်ရောက်လာသော ဌာနဆိုင်ရာများ အား၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်၏ ပြည်နယ်/ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှုစာရင်းတွင် လုပ်ငန်းရည်မှန်းရန် အဆိုပြုချက်များ ရေးဆွဲရေး ပတ်သက်ပြီး ရှင်းလင်း ဆွေးနွေးပြောကြားရာ အစည်းအဝေး တက်ရောက် လာသော ဌာဆိုင်ရာများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)