နမ့်စန်(တ) ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် (၄)ခရိုင် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၆ ရက်မှ စတင်၍ကျင်းပလျက်ရှိရာ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယမန်နေ့ ညနေ ၂ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ကျိုင်းတောင်းမြို့နယ် ဘောလုံးအသင်းနှင့် နမ့်စန်မြို့နယ် (ခ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုအဆုံးအဖြတ်တွင် နမ့်စန်မြို့နယ်(ခ)အသင်းက ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် လွိုင်လင်မြို့နယ်အသင်းနှင့် လဲချားမြို့နယ်အသင်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)