ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သူရသီဟကိုယ်ပိုင်ကျောင်းတွင် (၇၈) နှစ် မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီက အဆိုပါ ကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သူရသီဟကိုယ်ပိုင်ကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးအောင်ပိုက်က ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန်၊ ပြန်လည်မျှဝေနိုင်အောင် စိတ်ဝင်စားစွာ လေ့လာမှတ်သားသွားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဟောပြောပေးသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သူရသီဟကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)