တာလေ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ကာကွယ် ဆေးထိုးခြင်း၊ တိုက်ကျွေးပေးခြင်း အစီအစဉ်နှင့် ကာကွယ်နိုင်သောရောဂါများ အကြောင်းကို ဆွေးနွေးပြောကြားသည်။
အဆိုပါ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများကို တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ နားအွန် ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ် - ၂ ဦးယုဒနှင့် ကျန်းမာရေး စေတနာ့ဝန်ထမ်းများက နားအွန်ကျေးလက် ကျန်းမာရေးဌာနခွဲ အပိုင်နယ်အတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်(၃၀) ဦးအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး၊ BCG ကာကွယ်ဆေး၊ PCV ငါးမျိုးစပ်ကာကွယ်ဆေး၊ Penta ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး၊ OPV ပိုလီယို အစက်ချကာကွယ် ဆေးများထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)