ကလေးစာပေပွဲတော် (ကျုံပျော်) ပထမနေ့တွင် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ လာရောက်ဖတ်ရှုလေ့လာသူများနှင့်စည်ကားလျက်ရှိ

ကျုံပျော်   ဇန်နဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော (ကျုံပျော်) ကလေးစာပေပွဲတော်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် (၉) နာရီအချိန်က စတင်ကျင်းပရာ စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲ၌လာရောက် ဝယ်ယူဖတ်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် ကလေးဖတ် ကာတွန်း၊ ပုံပြင်၊ ဗုဒ္ဓဝင်ရုပ်ပြ၊ ဉာဏ်စမ်း ပဟေဠိနှင့် လူကြီးဖတ် သုတစာပေ ၊ ရသစာပေ၊ ရှားပါးစာပေများကို တစ်နေရာထဲတွင် ဈေးနှုန်း ချိုချိုဖြင့် ရရှိနိုင် မည်ဖြစ်ပြီး  မြန်မာစာပေချစ်မြတ်နိုးသူများ လက်ဝယ်အရောက် စာအုပ်စာပေ များကို ချိုသာသော ဈေးနှုန်းဖြင့်  စာအုပ်အရောင်းဆိုင်များမှ စုပေါင်း၍ လာရောက် ရောင်းချ ခြင်းဖြစ်ပြီး စာပေဝါသနာရှင် လူကြီး၊ လူငယ်၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ များမှ မိမိတို့ကြိုက်နှစ်သက်သော စာအုပ်များကို ဖတ်ရှုလေ့လာနိုင်ကြောင်းနှင့် ဇန်နဝါရီ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ ခင်းကျင်းပြသ၍ ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် မြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာ‌ပေဝါသနာရှင်များ လာရောက်ဝယ်ယူဖတ်ရှုလေ့လာကြ‌ပြီး စည်ကားလျက်ရှိကြောင်း သိရသည်။ 

အောင်သူဟန်   (ပြန်/ဆက်)