ငပုဝောာမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်

ငပုတော ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ငပုတောမြို့နယ် အရိုးဒါး ကျေးရွာအုပ်စုအသင်း‌တော်ခန်းမတွင် အရိုးဒါး၊ ရွှေတောင်၊ ကျောက်တလုံးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကတရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ဖွဲ့စည်းထားရှိရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား အကျယ်တဝင့် ရှင်းပြခြင်းခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး၊ ကျေးရွာအုပ်စုအတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး၊ မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးလုံခြုံရေးကာကွယ်ရေး ဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း‌ဖြေကြား ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)