လပွတ္တာ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင်ဆုံးဖြတ်ချက်အား ဖတ်ကြားတင်ပြခြင်းနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြို့ဝင်ဂိတ်များကို စနစ်တကျစစ်ဆေးရေး ကိုဗစ် - ၁၉ ကာလအတွင်း သတ်မှတ်ထားသောစည်းကမ်းချက်များကို ချိုးဖောက်ခြင်းအတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအရေးယူဆောင်ရွက်ခြင်းများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တရားလိုလုပ်ပြီး အမှုဖွင့်ရန်၊ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားသော နေအိမ်များကို ထင်သာမြင်သာဖြစ်အောင် ဗီနိင်းချိတ်ဆွဲ ထားရန်စသည်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များမှ ကိုဗစ်-၁၉ နှင့် ပတ်သက္၍ လုပ်ငန်းဆောင်ရွက်ချက်များအား ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာ)