ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ကျင်းပ

 

ကျိုင်းတုံ           ဒီဇင်ဘာ           ၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးရဲဝင်းထွန်းနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး  ဒေါ်ခင်ခင်မြင့်တို့က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ နဲ့ပက်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင်  ဆွေးနွေးကြရာတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပေါ်လာပုံ၊ မသန်စွမ်းသူများအား အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရေး ကြိုးပမ်းဖော်ဆောင်နေမှု၊ ကိုဗစ်-၁၉ အလွန်တွင်  ပိုမိုကောင်းမွန်သော ကမ္ဘာ တည်ဆောက်ရာတွင် မသန်စွမ်းသူများလည်း တစ်တပ်တစ်အားပါဝင်ပြီး ရေရှည်တည်တံ့ရေးအတွက် စုပေါင်းအကောင်အထည်ဖော်နိုင်စေရေး စသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ (Talk Show) အစီအစဉ်ကို ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏   IPRD Kyaing Tong Face book Page တွင်လည်း ထုတ်လွှင်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)