လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချကြခြင်း ရှိ/မရှိစစ်ဆေး

လေးမျက်နှာ   ဒီဇင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ်ဖြင့် လည်းကောင်း၊ မြို့နယ်အတွင်းစျေးဆိုင်များ၊ စတိုးဆိုင်များ၊ အိမ်ဆိုင်များ အလုပ်ရုံများ သတ်မှတ်ထားရှိသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြို့နယ် စည်ကမ်း ထိန်းသိမ်းရေး အဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းတွင်လိုက်လံစစ်ဆေးခဲ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဆင့်ပွားကူးစက်မှုခံနေရသူများထဲတွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက် ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ရောဂါကူးစက်ခံရသူများပါဝင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် လေးမျက်နှာမြို့နယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော လ္ဘက်ရည်ဆိုင်၊၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ အိမ်ဆိုင်၊ လမ်းဘေးဈေးဆိုင်များအား စားသုံးသူများ ဝင်ရောက်စားသုံးရန်အတွက် ဆိုင်တည်းခင်းရောင်းချခြင်းမပြုဘဲ ဆိုင်ဝင်ပေါက်တွင် အတားအဆီးထားရှိ၍ ပါဆယ်(Take-Away) စနစ်ဖြင့်သာရောင်းချရန်၊ အဆိုပါ ပါဆယ်စနစ်ဖြင့် ရောင်းချရာတွင် Mask တပ်ဆင်ရန်၊ လက်အိတ်များဝတ်ဆင်၍ ရောင်းချသွားရန် အသိပညာပေးနှိုးဆော်ခြင်း၊ သတ်မှတ်ထားရှိသည့် စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုများအား မြို့နယ်စည်ကမ်း ထိန်းသိမ်းရေး အဖွဲ့မှ စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)