ညောင်ဦး ဒီဇင်ဘာ ၄
ပုဂံယဉ်ကျေးမှုအမွေအနှစ်များ စုပေါင်းတည်ရှိရာဇုန်အတွင်း အမှိုက်ခွဲခြားစွန့်ပြစ်မှုစနစ် လေ့ကျင့်ခြင်းအတွက် ဒေသ (၅)ခုတွင် ကနဦးရှေ့ပြေးစမ်းသပ်လေ့ကျင့်ခြင်း ၊ ဒေတာကောက်ယူခြင်းဆိုင်ရာရလဒ်များအားချိတ်ဆက်၍ ရှေ့ဆက်လုပ်ဆောင်ရန်ရှင်းလင်းတင်ပြခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အနော်ရထာခန်းမ တွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်မှအမှာစ ကားပြောကြားကာ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက Pilot Project နှင့်ချိန်ဆက်၍လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ဒေသ(၅)ခုတွင်အောင်မြင်စွာဆောင် ရွက်နိုင်ကြရန်လမ်းညွှန်ဆွေးနွေးပြီး Bagan Plastic Campaign ဥက္ကဋ္ဌ ဦးတင့်ဆွေက Plastic သိမ်းဆည်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အားသာချက်အားနည်းချက် ဒေသခံများပူးပေါင်းဆောင်ရွက်လာမှု သိမ်းဆည်း Plastic များကိုပြန်လည်သုံးပြုနိုင်မည့် စက်ရုံတည်ဆောက်မည့်အခြေအနေများကိုရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပုဂံ- ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်က ASEAN အဖွဲ့ချုပ်အ စီစဉ်အရ IGEs ၏ မူဘောင်အောင်မြင်စေရန် JAIF ၏ကူညီထောက်ပံ့မှုနှင့်လုပ်ဆောင်နေသော ပုဂံဒေသအမှိုက်ခွဲခြားစွန့်ပြစ်မှုဆောင်ရွက်ချက်များကို Power Point ဖြင့်အကျယ် တဝင့်တင်ပြ၍ နည်းပညာ တက္ကသိုလ်(ကျောက်ဆည်)တွဲဘက်ပါမောက္ခ ဦးမျိုးသန့်က Pilot Project ၏ Data နှင့် Survey လုပ်ငန်းစဉ်များမှထွက်ပေါ်လာသောရလဒ်များကို Power Point ဖြင့်ရှင်းလင်းပြီး Pilot Project၏ အကျိုးသက်ရောက်မှုရှိစေရန် ရှေ့ဆက် ချိန်ဆက်ရန်လိုအပ်သောလုပ်ငန်းစဉ်များကို စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ကရှင်းလင်းတင်ပြသည်။ထိုနောက် Pilot Project တွင်ပူးပေါင်းကူညီသူများ အားဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD