တန့်ယန်း ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကာလအတွင်း မော်တော်ယာဉ်နှင့် လမ်းအသုံးပြုသူများ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီလိုက်နာနိုင်ရေးအား ပြည်သူများ လိုက်နာနိုင်ရေးအတွက် အသိပညာပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေရာတွင် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ယာဉ်ထိန်းရဲတပ်စိတ်ဖွဲ့မှ တပ်ကြပ်ကြီး အေးဇော်လတ်နှင့် တာဝန်ရှိသူများက ဗိုလ်ချုပ်လမ်းတွင် မော်တော်ယာဉ် မော်တော်ဆိုင်ကယ် နှင့် လမ်းအသုံးပြုသူ များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ အသုံးပြုသွားလာနိုင်ရေး၊ ဆိုင်ကယ် အား နှစ်ယောက်ထက်ပို မစီးရေး၊ ဆိုင်ကယ်စီးဦးထုတ် စနစ်တကျစောင်းရေးနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ညွှန်ကြားချက်များနှင်အညီ သွားလာနေထိုင်ရေးကို ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် အသိပညာပေးလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)