တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲအား Online မှ တစ်ဆင့်ကျင်းပ

တန့်ယန်း  ဒီဇင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံဆွေးနွေးပွဲအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Online Zoom Meeting ဖြင့် ယနေ့ နံနက် နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းတိုးချဲ့မြို့နယ်တွင် စီမံကိန်း မိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ Socialization Workshop အား Online Zoom Meeting ဖြင့် ကျင်းပရခြင်းကို ရှင်းလင်းကာ စီမံကိန်းအကြောင်း ဗီဒီယိုအား ပြသရှင်းလင်းသည်။

ယင်းနောက် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) တို့က လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့ကြပြီး  တန့်ယန်းမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်က စီးမံကိန်းနှင့် ပတ်သက်သည့် သိရှိလိုသည်များကို ပါဝင်ဆွေးနွေး မေးမြန်းခဲ့သည်။

အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လားရှိုးခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးတင်မော်သန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ တိုင်းရင်းသားကိုယ်စားလှယ်များ၊ လူမှုအခြေပြု အဖွဲ့အစည်းများ တက်ရောက်ကြ ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)