မြောင်းမြမြို့နယ်တွင် အလှူရှင်လှူဒါန်းသော (၁၄)ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက် အဦသစ် ဖွင့်လှစ်

မြောင်းမြ      ဇန်နဝါရီ   ၁၀

မြောင်းမြမြို့နယ်တွင် အလှူရှင်လှူဒါန်းမှုဖြင့်  (၁၄)ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကံသာကုန်းကျေးရွာအုပ်စု၊ ကုန်းကလေး ကျေးရွာရှိ အဆိုပါ အဆောက်အဦရှေ့၌ ကျင်းပသည်။

ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦကို မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်နှင့် အလှူရှင်မိသားစုဝင်များက  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင်  မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က မုဒိတာစကားများ ပြောကြားပြီး ရန်ကုန်မြို့နေ အလှူရှင် ဦးမြတ်မင်းဟန်နှင့် အလှူရှင် ဒေါ်ခင်ခင်စုတို့က ဆေးခန်းအဆောက်အဦ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ  ဆေးခန်းအဆောက်အဦ အလှူရှင်နှင့် မြေအလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်သည်။

အဆိုပါ ကုန်းကလေးကျးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်မှာ မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ဦးဆောင်မှုဖြင့် ကျေးလက် ကျန်းမာရေးဌာန မရှိသော၊ ဆေးကုသရန် ခက်ခဲသော၊ မြို့ဒေသနှင့် ဝေးလံခေါင်သော၊ အရပ် ဒေသများအတွက် အလှူရှင်များမှ ဆောက်လုပ်ပေးသော (၁၄) ခုမြောက်  ဖွင့်လှစ်ပေးသည့် ဆေးခန်း ဖြစ်ပြီး ပေ ၃၀× ပေ ၄၂၊ အုတ်တစ်ထပ်တိုက်၊ ကွန်ကရစ်ခင်းသွပ်မိုး၊ လူနာခုတင်၊ သားဖွါးခုတင်နှင့် ဆိုလာမီးစနစ်၊ အဝီစိတွင်း၊ ရေစက်ရုံ အပါအဝင် ကျပ်သိန်း (၁၆၀) ကျော် ကုန်ကျခံ ကာ  ကျေးလက်ဆေးပေးခန်း စံကိုက်အညီ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်