ကလိန်အောင် ဒီဇင်ဘာ ၄
၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင်ကျရောက်မည့် နှစ်(၁၀၀)ပြည့်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများဆွေးနွေးပွဲ (Talk Show)အစီအစဉ် ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centreခန်းမ၌ ယနေ့နေ့လယ် (၁)နာရီက ကျင်းပ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများဆွေးနွေးပွဲ Talk Showအစီအစဉ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးမိုးခိုင် က အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်းကိုအသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ဒေါ်ခင်ခင်လဲ့၊ရုပ်သံကျွမ်းကျင်(၃)က အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အကြောင်း တို့ကိုအသိပညာပေးဆွေးနွေးပြီး မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင် က ဆွေးနွေးပွဲTalk Show အစီအစဉ်များကို ဆက်လက် ကျင်းပပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)