ရွှေကူ ဒီဇင်ဘာ ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် IDP Camp များရှိ နေရပ်စွန့်ခွာပြောင်းရွှေ့ နေထိုင်သော အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူး စီမံချက်ရုံးမှ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်အတွင်းရှိ IDP Camp စခန်းများ၌ ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကချင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် တာဝန်ရှိသူများက ရွှေကူမြို့နယ် IDP Camp များရှိ အိမ်ထောင်စု (၄၈) စုအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၉,၆၀၀,၀၀ဝိ/-)ကျပ်အား နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သော ပြည်သူများ ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူးစီမံချက်ရုံးမှ ရွှေကူမြို့နယ် IDP Camp များရှိ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု(၄၈)စုအား ယခင်က ပထမအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင်(၂၀၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု ထောက်ပံ့ပေးအပ် သောငွေ (၉,၆၀၀,၀၀ဝိ/-)ကျပ်သည် ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)