သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ Infrared Thermometer နှင့် CCTV များလှူဒါန်း

သရက်ချောင်း ဒီဇင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် Infrared Thermometer နှင့် CCTV များလာရောက်လှူဒါန်းခြင်းကို ယနေ့ နေ့လယ် ၁ နာရီက သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင်သရက်ချောင်းမြို့နယ်သံဃာ့နာယကအဖွဲ့မှသံဃာတော်အရှင်သူမြတ်များ စုပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် Infrared Thermometer(၂) ခုနှင့် CCTV(၂)လုံးတို့အား ပေးအပ်လှူဒါန်းခဲ့ကြရာ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာဝင်းဇော်ဦး က လက်ခံရယူခဲ့ကြောင်းသိရသည်။

သရက်ချောင်း(ပြန်/ဆက်)