ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ နေရပ်ပြန်အသွားအလာစောင့်ကြည့်သူများအတွက်အသုံးပြုရန် လူနာတင်ယာဉ် (Ambulance) တစ်စီး ဝယ်ယူ‌ရေးအလှူငွေများဆက်လက်ပေးအပ်လှူဒါန်း

ရေဖြူ ဒီဇင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် နေရပ်ပြန်စောင့်ကြည့်ရေးစခန်းအတွက် အသုံးပြုရန် လူနာတင်ယာဉ် (Ambulance)တစ်စီး ဝယ်ယူနိုင်ရေး နိုဝင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့ အထိ ကံပေါက်‌ကျေးရွာ ကိုဗစ်_၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ အလှူရှင်များ လာရောက်လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ထိုသို့ လှူဒါန်းရာတွင် နိုဝင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ အလှူရှင်(၁၅)ဦးမှ လာရောက် လှူဒါန်းငွေ (၁၅၇၃၀၀၀)ကျပ်အား ကံပေါက်ကျေးရွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်စိုးက လက်ခံရယူကြောင်းသိရသည်။

အဆိုပါ ကံပေါက်ရွာတွင် နိုင်ငံခြားနှင့်ပြည်တွင်းနေရပ်ပြန် စောင့်ကြည့်ရေးစခန်း၌ အမျိုးသား (၅၁)ဦးနှင့် အမျိုးသမီး (၄၁)ဦးတို့ ရှိပြီး ယနေ့အချိန်ထိ ပိုးတွေ့လူနာ မရှိသေးကြောင်းသိရသည်။

ဖြူဖြူရှိန် (ပြန်/ဆက်)