ရွှေဘိုမြို့နယ်တွင် အတည်ပြုလူနာ(၁၆)ဦး ထပ်မံတွေ့ရှိ

ရွှေဘို ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၁၆) ဦးကို ထပ်မံတွေ့ရှိခဲ့တယ်လို့  ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။  

အဲဒီ အတည်ပြုလူနာတွေဟာ ရွှေဘိုမြို့ အမှတ်() ရပ်ကွက်က အတည်ပြုလူနာနဲ့ ထိတွေ့ဆက်စပ်သူတွေနဲ့ ၎င်းနှင့် ထိတွေ့ခဲ့တဲ့ ပိုးတွေ့အမျိုးသမီးနှင့်  ထိဆက်ခဲ့သူ စုစုပေါင်း ( ၂၂၅ ) ဦးကို RDT Test Kit နဲ့ စစ်ဆေးခဲ့ရာ ရွှေဘိုမြို့ အမှတ် ( ) ရပ်ကွက် မှ ( ) ဦး၊ အမှတ် ( ) ရပ်ကွက် မှ ( ) ဦး၊ ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာမှ ( ) ဦး၊ ဘိုးတော်တောကျေးရွာမှ ( ) ဦး၊ ပိတောက်ခေါင်းကျေးရွာ မှ ( ) ဦး၊ စုစုပေါင်း ( ၁၆ ) ဦးမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်းသိရသည်။

အတည်ပြု လူနာတွေကို ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံ မှာ ဆေးကုသဖို့ပြောင်းရွှေထားပြီး ဖြစ်တယ်လို့ ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ ဒီဇင်ဘာ ()ရက် ညနေပိုင်းအထိ အတည်ပြုလူနာ (၆၀)ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၇)ဦး နဲ့  ဆေးကုသမှု ခံယူနေတဲ့ အတည်ပြုလူနာကတော့ (၃၃)ဦး ရှိတယ်လို့ သိရပါတယ်။

 ထွန်းမြင့်အောင်(ရွှေဘို)