မော်လမြိုင်ကျွန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် online ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ ၄

မော်လမြိုင်ကျွန်းမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အမျိုးသမီးများအကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် online ဆွေးနွေးပွဲ အခမ်း အနားကို မြို့နယ်အမျိုးသမီးကော်မတီများနှင့် ယနေ့နံနက် ၁၁ နာရီအချိန်က Zoom Application ဖြင့် Online ဆွေးနွေးပွဲကျင်းပသည်။

အဆိုပါ Online ဆွေးနွေးပွဲအခမ်းအနားတွင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးမှူး ဒေါ်ရတနာမော်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အကြောင်း အမျိုးမျိုးသော စိတ်ခံစားရခြင်းမှ အကြမ်းဖက်မှုဖြစ်လာရခြင်းဖြစ်ကြောင်း၊ ငွေကြေး၊ လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာတတ်ကြောင်း၊ အမျိုးသမီးများသာမက မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများတို့တွင်လည်း အကြမ်းဖက်မှုများ ခံစားရ လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။

မြို့နယ်စိမ်းလဲ့ဧရာအဖွဲ့မှ ဒေါ်သိန်းသိန်းအေးက ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား အထွေထွေဆွေးနွေးရာတွင် လက်ရှိအကြမ်းဖက်မှုရပ်တန့်ရေး ပညာပေးလုပ်ငန်းများအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးကျော်က ပြစ်မှုများပေါ် ဥပဒေနှင့်အညီအရေးယူရေးကိစ္စများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိမှုကို ဖြစ်စဉ်များနှင့် ဥပဒေပုဒ်မများအကြောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်သီတာအောင်က ပြည်သူများကြား အသိပညာပေး လှုံ့ဆော်ဆောင်ရွက်မှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူတစ်ဦးချင်း အလိုက် အကြမ်းဖက်မှုများရှိပါက တက်ကြွနိုးကြားစွာ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး အကြမ်းဖက်မှုရပ်တန့်ရေး ဆောင်ရွက်နေသည့် အမျိုးသမီးအဖွဲ့အစည်းများ၏ video clip အားပြသခဲ့သည်။

အဆိုပါ online ဆွေးနွေးပွဲ အခမ်းအနားသို့ မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား၏ ကိုယ်စားလှယ်တစ်ဦး၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ နှင့် အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာ အသိပညာပေးလုပ်ငန်းများကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့ အထိအသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သီတာအောင်(ပြန်/ဆက်)