သိန္နီ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ ရပ်ကွက်(၁)အတွင်းရှိ မြို့တွင်းလမ်းဖြစ်သော မန္တလေးလမ်း (ဒူးယားလမ်းနှင့်အထက၁ကျောင်းလမ်းကြား)၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် ငွေလုံးငွေရင်း ရန်ပုံငွေ(ပြည်နယ်ဘတ်ဂျက်)ဖြင့် ဆောင်ရွက်သည့် ကတ္တရာထပ်ပိုးခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင်ဦးဆောင်၍ တာ၀န်ခံအင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂)ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်းပါ၀င်ကာ ကတ္တရာခင်းခြင်း လုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမှာရပ်ကွက်(၁)အတွင်းရှိ ပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်ပြီး အလျားပေ-၅၁၈ပေ၊ အကျယ်ပေ-၁၂ပေ၊ ထုပေ-၃ လက်မဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ (၅၃၅၀၀၀၀)ကျပ် (ငါးဆယ့်သုံးသိန်းငါးသောင်းတိတိ/) ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။
ဖိုးချို( ပြန်/ဆက်)