မန္တလေး မတ် ၂၀
အောင်မြေသာစံမြို့နယ် World Vision Myanmar မှ မြို့နယ်အတွင်းရှိ မီးသတ်စခန်းများအတွက် Chainsaw များနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် World Vision Myanmar မှ စီမံကိန်းတာဝန်ခံ ဦးစောမာရီယာနိုက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ မီးသတ်စခန်း(၁၆)ခု အတွက် Chainsaw (၁၆)ခုနှင့် မီးသတ်ဆေးဘူး (၁၀) ဘူးတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲသို့ အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့နယ် World Vision Myanmar မှ စီမံချက်တာဝန်ခံနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)