ကျောက်ဆည် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက သာစည်ကျေးရွာတွင် ကုန်ထုတ်လမ်းများ လျာထားဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကုန်ထုတ်လမ်းများဖောက်လုပ်ပေးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်ဝန်ထမ်းများက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ရပ်မိ၊ရပ်ဖများ၊ ကုန်ထုတ်လမ်း ဖောက်လုပ်မည့် လမ်းဘေးဝဲ၊ယာမှ တောင်သူများနှင့်တွေ့ဆုံပြီး လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်ထုတ်လမ်း အကောင်အထည်ဖော်နိုင်ရေး တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမ လျာထားဆောင်ရွက်ပေးမည့် ကုန်ထုတ်လမ်း အရှည်မှာ ပေ(၁၂၂၀၀) ရှည်လျားပြီး ကုန်ထုတ်လမ်းဖော်ဆောင် ပေးနိုင်ခဲ့ပါက တောင်သူ(၅၆)ဦး၏ လယ်ယာမြေ (၇၆၅)ဧကမှ ထွက်ရှိသော သီးနှံများကို အချိန်ရာသီမရွေး ချောမွေ့စွာ သယ်ဆောင်နိုင်မည်ဖြစ်ကာ သာစည်ကျေးရွာသည် စိုက်ပျိူးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး အိမ်ထောင်စု (၇၆၅)စု ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)