သိန္နီ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)အကြားရှိ ရေမြောင်းပေါ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲပိုင်း က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင် ဦးဆောင်၍ တာ၀န်ခံအင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်းပါ၀င်ကာ ကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်တံတားမှာ ရပ်ကွက်(၁)နှင့်ရပ်ကွက်(၂)တို့ အကြားရှိ လူနေအိမ်အချို့အတွက် မိုးရာသီကာလ အတွင်း ရေ၀င်ရောက်မှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် တည်ဆောက်ခြင်း ဖြစ်ပြီး၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေ (ပြည်နယ်ဘတ်ဂျက်)ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ တံတားမှာ အလျားပေ ၂၇ပေ၊ အကျယ်ပေ ၆ပေ၊ ထု ၃ ပေ၊ ၆လက်မရှိပြီး ခန့်မှန်းကုန်ကျငွေ (၃၁၁၀၀၀၀/-) ကျပ်(သုံးဆယ့်တစ်သိန်းတစ်သောင်း)ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ဖိုးချို(ပြန်/ဆက်)