နောင်ချို ဒီဇင်ဘာ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့မစျေးအတွင်း ရောင်းချနေသော အာဂျီနိုမိုတို ဟင်းခတ်အချိုမှုန့်များ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို ယနေ့နေ့လယ်(၂)နာရီအချိန် က စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စည်ပင်သာယာရေး ဌာနတို့ ပူးပေါင်း၍ စျေးကွက်အတွင်းရှိ အာဂျီနိုမိုတို ဟင်းခတ်အချိုမှုန့်များ၌ ဖော်ပြထားသည့် အသာတင်အလေးချိန်ပမာဏနှင့် ကိုက်ညီမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ ကြသည်။
ယနေ့ကာလတွင် အချို့သောစီးပွားရေး လုပ်ငန်းရှင်များသည် မိမိကိုယ်ကျိုးတစ်ခုကိုသာ ကြည့်၍ အာဂျီနိုမိုတိုဟင်းခတ်မှုန့် အတုများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားသုံးသူများအား အကာအကွယ်ပေးသည့်အနေဖြင့် စျေးကွက်အတွင်း ဟင်းခတ်မှုန့်အတုများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)