မယ်စဲ့မြို့နယ်တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ပထမဆုံး ကိုဗစ် ၁၉ ပိုးတွေ့လူနာ တစ်ဦးတွေ့ရှိ

မယ်စဲ့ ဒီဇင်ဘာ ၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ထိုင်းနိုင်ငံပြန်လည်ဝင်ရောက်လာသူ (၇)ဦးအား မြို့နယ်အားကစားရုံနှင့် မြို့နယ်ခန်းရှိ Quarantine သို့ ပို့ဆောင်ထားရှိခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Standard Q Rapid Aritigen Test kit  (RDT) ဖြင့်စစ်ဆေးခဲ့ရာ မြို့နယ်ခန်းမ Facility Quarantine တွင်ဝင်ရောက်နေသူ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ) ခဲ့ပါသည်။

အဆိုပါ ပိုးတွေ့ရှိသူ အသက်(၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဖရူဆိုမြို့နယ်၊ ဘီယာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ်၊ ဟွေတနွန်ကျေးရွာရှိ တောင်ယာခြံတွင် စိုက်ပျိုးရေးလုပ်ငန်း သွားရောက်လုပ်ကိုင်သူဖြစ်ပြီး (၂.၁၂.၂၀၂၀) ရက်နေ့တွင် ဘီပီ(၁၃) တောလမ်းမှ တစ်ဆင့် နမ့်မန်းစစ်ရေးဂိတ်သို့ ရောက်ရှိလာခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန မော်တော်ယာဉ်ဖြင့် မြို့နယ်ခန်းမသို့ တိုက်ရိုက်ပို့ဆောင် Quarantine ဝင်ရောက်နေသူတစ်ဦးဖြစ်ပြီး ယနေ့နံနက်တွင် Tesk Kit ဖြင့် စစ်ဆေးခဲ့ရာ မယ်စဲ့မြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် တစ်ဦးဖြစ်ကြောင်း သိရသည်။

ပိုးတွေ့လူနာကို မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်းနှင့် လတ်တလောအခြေအနေတွင် လူနာ၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်းနှင့် ၎င်းနှင့်ထိတွေ့မှု ရှိခဲ့သူစာရင်းများ ကို လိုက်လံ ကောက်ယူပြီး Home Quarantine ထားရှိ​ရေး ​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)