သာပေါင်းမြို့နယ်တွင် ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဒုတိယနှစ်ဝက် လုပ်ငန်း ဆန်းစစ် ဆွေးနွေး

သာပေါင်း ဒီဇင်ဘာ ၅

သာပေါင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဒုတိယနှစ်၀က် လုပ်ငန်းဆန်းစစ်ဆွေးနွေးခြင်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌‌ ဆွေးနွေးခဲ့ကြသည်။

လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ငြိမ်းငြိမ်းစိုး မှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ဆရာမဒေါ်နွယ်နီလှိုင် က တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်း ဒုတိယနှစ်၀က်ကာလ ဆောင်ရွက်ချက်များအား သံသယလူနာများညွှန်းပို့ပေးသော Volunteer များနှင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၂၀၂၀ပြည့်နှစ်၊ သံသယလူနာများ ညွှန်းပို့ပေးသော Volunteer(၉)ဦး တို့ကို အမျိုးသမီးရေးရာ အဖွဲ့အတွင်းရေးမှူး ဒေါ်ငြိမ်းငြိမ်းစိုးနှင့် အဖွဲ့၀င်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)