ရွှေသောင်ယံမြို့တွင် စေတနာ့ဝန်ထမ်း Volunteer လူငယ်(၁၄)ဦးအား နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများအားပြန်လည်ပေးအပ်

ရွှေသောင်ယံ   ဒီဇင်ဘာ   ၅

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ရွှေသောင်ယံ အထက Facility Quarantine စင်တာ၌ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင် ဆောင်ရွက်ပေးနေသော Volunteer လူငယ်များအား နိုင်ငံတော်မှချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ မေတ္တာ၊စာဂ၊ ဝီရိယကိုအခြေခံ၍ ပါဝင်ကူညီ ဆောင်ရွက်ပေးနေသော Volunteer လူငယ်(၁၄) ဦးအတွက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်သော အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်း လွှာကိုတာဝန်ရှိသူများမှပေး အပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာသို့ သဘော့ကန်ကျေးလက်ကျန်းမာရေးဌာန၊ ကျန်းမာ‌ရေးမှူး ဦးမျိုးအောင်ကျော်နှင့်ကျန်းမာရေးဆရာမများ၊ ရွှေသောင်ယံမြို့ရပ်ကွက်(၁၊၂၊၃) အုပ်ချုပ်ရေးမှူးများ မြို့မိမြို့ဖ များ(၂၀)ဦးခန့်တက်ရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီတက်‌ရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

 

ကိုကိုမောင် ပြန်/ဆက်