ငါ့သရောက်မြို့နှင့် ကျေးရွာများ နိုင်ငံတော်ဓာတ်အားစနစ်မှ ၈၇ ရာခိုင်နှုန်းကျော်အထိ ကျေးရွာများမီးလင်း

ငါ့သရောက် ဒီဇင်ဘာ  ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နှင့်ကျေးရွာများအား ယခု အချိန်ထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ၈၇ ရာခိုင်နှုန်းကျော်ထိ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ငါ့သရောက်မြို့ လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်ထံကသိရ သည်။

ငါ့သရောက်မြို့နယ်တွင် ကျေးရွာပေါင်း ၃၂ ရွာရှိရာ ဒီဇင်ဘာ ၅ရက်နေ့အထိ ကျေးရွာပေါင်း ၂၈ရွာအား နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် ခဲ့ပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၈၇ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း ၊ ကျန်ကျေးရွာ ၄ရွာအ နက် ၃ရွာအား ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ဖြင့်ဆောင်ရွက်လျှက်ရှိပြီး ကျန်ကျေးရွာတစ်ရွာအား အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP)ဖြင့် ဒုတိယအဆင့် (Phase-2)လျာထားဆောင်ရွက်လျှက်ရှိကြောင်း  ငါ့သရောက်မြို့ လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်ကရှင်းပြသည်။

ငါ့သရောက်မြို့ ကျေးရွာများမီးလင်းရေးအတွက် (၁၁)ကေဗွီဓာတ်အားလိုင်းနှင့် (၁၁/၀.၄)ကေဗွီထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းကို အစိုးရဘတ်  ဂျက်ရန်ပုံငွေများဖြင့်တပ်ဆင်တည်ဆောက်ပေးလျက်ရှိပြီး ကျေးရွာတွင်း (၄၀၀)ဗို့ဓာတ် အားလိုင်းအား ကျေးရွာသူ/သားများ၏ပူးပေါင်းပါဝင်ငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မီးလင်းပြီးကျေးရွာရှိ နေအိမ်များအား အိမ်သုံးမီတာလျှောက်ထားတပ်ဆင်ခြင်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့ ကျေးရွာများမီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ရန်ပုံ ငွေကျပ်သန်း(၁၆၄၅)ကျော်ကျခံသုံးစွဲလျက်ရှိကြောင်း ငါ့သရောက် မြို့လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်ထံကထပ်မံသိရှိရသည်။

ကိုထိန်၊KPD