ပြင်စလူ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ပြင်စလူမြို့တွင် ကလေးငယ်များအား ပုံ မှန်ကြိုတင်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာ၌ ထိုးနှံဆောင်ရွက်ပေးနေကြောင်းသိရသည်။
ထိုသို့ ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေး ခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါကာကွယ်ဆေးစသည် တို့ကို ထိုးနှံပေးခြင်း ၊ပိုလီယိုအကြောသေကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ရေးနှင့် လူစုလူဝေးမဖြစ်စေရန်အတွက် ကလေးများနှင့်မိခင်များအား အလှည့်ကျ စနစ်ဖြင့် ဆေးထိုး၊ ဆေးတိုက်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ဇင်ဖြိုးသူ(ပြန်/ဆက်)