မြစ်သား ဒီဇင်ဘာ - ၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွား မှုမရှိစေရေးအတွက် အမြို့မြို့အနယ်နယ်သို့ ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်တင်ကားများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ လိုက်နာဆောင်ရွက်ရေး ကုန်တင်ယာဉ်ကြီးများအသင်းနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်မိုးနှင့် ကော်မတီဝင်များ၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊မြို့မိမြို့ဖများ၊ မော်တော် ယာဉ်လိုင်း များကြီးကြပ်ရေး ကော်မတီဝင်များ၊ ကုန်တင် ယာဉ်ကြီးများအသင်းမှ တာဝန်ရှိသူများက ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျပြေးဆွဲရပ်နားရေးဆိုင်ရာများ၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ စည်းကမ်းလိုက်နာရေးနှင့် စပ်လျဉ်းသည့် အချက်များကို အသီးသီး ဆွေးနွေးပြောကြားပြီး ကုန်တင်ယာဉ်ကြီးများအသင်းတာဝန်ရှိသူများ၏ မေးမြန်းတင်ပြချက်များအပေါ် ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)