ကျီခါး ဖေဖော်ဝါရီ ၂၂
ချင်းပြည်နယ်၊ ကျီခါးမြို့၊ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းကျေးရွာ၌ 2019 Novel Coronavirus ကြိုတင် ကာကွယ်ရေး ကျန်းမာရေး စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်းကို ကျီခါးမြို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များက ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ (၂၉)ရက်နေ့မှ စတင်၍ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်မှ လမ်းညွှန်ချက်များ၊ ကျီခါးတိုက်နယ်ဆရာဝန်များ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျီခါးမြို့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက နယ်စပ်မှ နေ့စဉ်ဖြတ်သန်းသွား လာကြသော ခရီးသည်များနှင့် နယ်စပ်ကျေးရွာ၌ နေထိုင်ကြသော ပြည်သူများ၏ကျန်းမာရေး အခြေအနေများအား တစ်ဦးချင်း စမ်းသပ်စစ်ဆေးခြင်း၊ 2019 Novel Coronavirus နှင့် ပတ်သက်သက်၍ အသိပညာပေးခြင်း၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းနှင့် နှာခေါင်းစည်း လူတိုင်းတပ်ဆင်ရေး နှိုးဆော်ခြင်းစသည့် ကျန်းမာရေး စောင့်ကြပ်စစ်ဆေးမှု လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် အဆိုပါရောဂါ လက္ခဏာနှင့် ပတ်သက်၍ သံသယရှိလူနာများ မတွေ့ရှိသေးကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်( ပြန်/ဆက်)