ကျောက်ဆည်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ကျောက်ဆည်  ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံသို့ ယနေ့နံနက်(၈) နာရီက အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပစ္စည်းများ နှင့်အလှူငွေများ  လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

လှူဒါန်းရာတွင် မန္တလေးမြို့ဦးသိန်းနိုင်နှင့် ဒေါ်ပိုပို မိသားစုမှအလှူငွေ(၁)သိန်းကျပ်၊ ကျောက်ဆည်မြို့ ဘောဂဝတီရပ်ကွက် ဒေါက်တာမျိုးသူနှင့်ဒေါ်သက်မာစိုး (နန်းရွှေစင်) ပိုးထည်နှင်သင်္ကန်းတိုက် မိသားစုမှ အလှူငွေ (၁)သိန်းကျပ်၊ မန္တလေးမြို့ 7-Ladies အဖွဲ့မှအလှူငွေ(၅)သောင်းကျပ်၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီး ဒေါက်တာနေမျိုးထွန်း၊ အစိုးရနည်းပညာအထက်တန်း ကျောင်းအုပ်ကြီး ဒေါက်တာဇာနည်ထွန်းနှင့် ဆရာ/ဆရာမများ မှ ပိုးသတ်ဆေးဖျန်းစနစ်ပါသည့် Trolley နှစ်စုံ အသီးသီးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

လှူဒါန်းမှုများကို ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုလွှာ များပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် လက်ခံရရှိသည့်အလှူငွေများနှင့်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် စနစ်တကျ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)