တုံတာ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှကင်း ဝေးစေရည်ရွယ်၍ရန်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်၉နာရီခန့်က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် တုံတာမြို့ ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမဒေါ်နန်းလှအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသော ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် စနစ်တကျလက် ဆေးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယိုကာကွယ်ဆေး သောက်ဆေးနှင့်ထိုးဆေး၊ ဝက်သက်၊ဂျိုက်သိုး အစရှိသော ကာကွယ်ဆေးများ ပါဝင်ပြီး တုံတာမြို့ပေါ်ရပ်ကွက်ရှိ အသက်၁နှစ်ခွဲအောက် ကလေးငယ် (၂၄)ဦးအား ထိုးနှံပေးခဲ့ကြောင်း တုံတာမြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)