မလှိုင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး (၁၆) ရက်တာလှုပ်ရှားမှုအဖြစ် ဆန် ၊ ခေါက်ဆွဲခြောက်နှင့် Mask များလှူဒါန်း

မလှိုင် ၊ ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုမှ  ကာကွယ်ရေး  (၁၆) ရက်တာ လှုပ်ရှားမှုအဖြစ် ရွှေသိမ်တော် ကျောင်းတိုက်မှ သီလရှင်များနှင့် မလှိုင်အထကရှိ Facility  Quarantine Center သို့ ယမန်နေ့ နံနက်ပိုင်းက ဆန် နှင့်ခေါက်ဆွဲ ခြောက်ဖ များ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည် ။

အဆိုပါနေ့က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးများဖြစ်ကြသော ဒေါ်သီတာအေးနှင့် ဒေါ်ယာဉ်မင်းထက် တို့ဦးဆောင်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့မှ အဖွဲ့ဝင်များက ရွှေသိမ်တော် ကျောင်းတိုက်မှ သီလရှင် (၁၃) ပါးတို့အား ဆွမ်းဆန်(၁) အိပ် ၊  ခေါက်ဆွဲ ခြောက် (၂)ဖာ ၊ Mask (၂ဗူး) နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များသည် ၊ မလှိုင်အထကရှိ Facility  Quarantine Center သို့ ဆန်( ၂ ) အိပ် ၊  ခေါက်ဆွဲ ခြောက် (၃ )ဖာ ၊ Mask ( ၃ )ဗူး တို့ကိုသွားရောက်လှူ ဒါန်းခဲ့ကြကြောင်း သိရ သည် ။                           

အောင်ဌေး( မလှိုင် )