ဓနုဖြူ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၈နာရီ အချိန်က မြို့မဈေးတွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဥပဒေဖြင့် ကာကွယ်ပေး အထိမ်းအမှတ် (mask)နှင့် ရင်ထိုးတံဆိပ်များတပ်ဆင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ ပူးပေါင်းပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ အမျိုးသားများလည်း ပါဝင်ကြရန် အမျိုးသမီးများကို အကြမ်းဖက်မှုများမှ ကာကွယ်ပေးသည့် ဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသိပညာပေးပိုစတာများကပ်ခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)