ကျောက်တလုံးကြီး ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက် ကျန်းမာရေး ဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆)ရပ်ကွက်ရှိ အသက်(၁)နှစ်ခွဲ အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းကို ပထမနိမ္မတသပိတ်မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးလာရောက် တိုက်ကျွေးထိုးနှံပေးသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေးနှင့် အားကာစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွန်ချက် နှင့်အညီ ကျောက်တလုံးကြီးမြို့ ကျေးလက် ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်နန်းစမ်းချိုက နာခေါင်းစည်း(Mask) တပ်ဆင်ခြင်း၊ လက်သန့်စင် ဆေးရည်ဖြင့် လက်သန့်စင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်
အလေးချိန်တိုင်းတာပေးခြင်းများကိုဆောင်ရွက်ပေးပြီး၊ လူစုလူဝေးမဖြစ်စေရန် အလှည့်ကျကာကွယ် ဆေးထိုးနှံပေး ခဲ့ကြောင်း၊ အသက်(၁)နှစ်ခွဲအောက် ကလေးများကို ပြင်းထန်ဝမ်းလျှော၊ ဝမ်းပျက် (ရိုတာ)၊ ပိုလီယို၊ ဆုံဆို့ ၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဉီးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျိုက်သိုး၊ ဝက်သက် စသည့်ပုံမှန်ကာကွယ်ဆေး များကို စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)