ဇမ္ဗူသီရိ ဒီဇင်ဘာ ၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၏ ဦးဆောင်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် သပြေကုန်းဈေးတို့တွင် ဈေးရောင်းသူ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား Mask အခု (၃၀၀၀) တို့ကို အခမဲ့ဖြန့်ဝေ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သရုပ်ပြကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မှ ချမှတ်ပေးထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများကို အသိပေးလှုံ့ဆော်ကြေညာခြင်းများကို ယနေ့နံနက် (၇) နာရီက ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၄၆၄) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၈၂) ဦး၊ သေဆုံးသူ (၅) ဦးရှိကြောင်း နေပြည်တော်ကောင်စီ ထုတ်ပြန် ချက်အရ သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)