မန္တလေး ဒီဇင်ဘာ ၆
မန္တလေး ၊ အောင်မြေသာစံမြို့နယ်တွင် ဝင်/ထွက်ခွင့် ကတ်ပြား မပါရှိဘဲ လမ်းမများပေါ် သွားလာနေသူများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ဒဏ်ရိုက် အရေးယူ မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မန္တလေး ခရိုင် အတွင်းရှိပြည်သူများကို ဒီဇင်ဘာ ၅ မှ ၁၈ ရက်ထိ မိမိနေအိမ်များတွင်သာ နေထိုင်ကြစေရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်သူများ သိရှိစေရန် အသိပေး ကြေညာချက် ထုတ်ပြန်ထားရာ အဆိုပါ အသိပေး ကြေညာချက်အရ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာရာတွင် သက်ဆိုင်ရာဌာနများမှ ထုတ်ပေးထားသော ဝင်/ထွက်ခွင့် ကတ်ပြားများကို တစ်ပါတည်း ယူဆောင် လာကြရမည်ဖြစ်ပြီး ကတ်ပြားမပါဘဲ လမ်းပေါ် သွားလာနေကြသူများအား ငွေဒဏ် ၅၀၀၀ ကျပ်နှုန်းဖြင့် ဒဏ်ရိုက် အရေးယူလျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)