အောင်မြေသာစံမြို့နယ်တွင် ဝင်/ထွက်ခွင့် ကတ်ပြားမပါရှိဘဲ လမ်းမများပေါ် သွားလာ‌နေသူများအား ဒဏ်ရိုက် အရေးယူမှုများ ဆောင်ရွက်

မန္တလေး ဒီဇင်ဘာ ၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဝင်/ထွက်ခွင့် ကတ်ပြားမပါရှိဘဲ လမ်းမများပေါ် သွားလာ‌နေသူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဒဏ်ရိုက်အရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုဗစ် ၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးခရိုင်အတွင်းရှိပြည်သူများကို ဒီဇင်ဘာ၅ရက်မှ ၁၈ ရက်ထိမိမိနေအိမ်များတွင်သာ နေထိုင်ကြ‌စေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်ထုတ်ပြန်ထားရာ အဆိုပါအသိပေး ကြေညာချက်အရ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာတွင ်သက်ဆိုင်ရာ ဌာနများမှထုတ်ပေးထားသောဝင်/ထွက်ခွင့်ကတ်ပြားများကို တစ်ပါတည်း ယူဆောင်လာကြရမည်ဖြစ်ပြီး ကတ်ပြားမပါဘဲလမ်းပေါ်သွားလာနေကြသူများအားငွေဒဏ်၅၀၀၀ကျပ်နှုန်းဖြင့် ဒဏ်ရိုက်အရေးယူ လျက်ရှိပြီး အောင်မြေသာစံမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ လမ်းမ‌များပေါ်၌ လူသွားလူလာ အလွန်နည်းပါးလျက်ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)