မိတ္ထီလာ ဒီဇင်ဘာ ၆
မိတ္ထီလာမြို့နယ် အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေ ကျပ် ၉.၇ သန်းဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်၍ မြေသားရေကန် ပြန်လည်တူးဖော်ဆောင်ရွက် လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှ ိကျေးရွာများ၌ နွေရာသီတွင် သောက်သုံးရေ လိုအပ်ချက် မရှိစေရန် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ မြေသားရေကန်များ တူးဖော်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်း၊ အုတ်ရေကန် တည်ဆောက်ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ သောက်သုံးရေ လိုအပ်လျက်ရှိသော အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာတွင် အကျယ် အလျား ပေ ၂၃၀ ၊ အနံ ၁၂၅ ပေနှင့် အနက် ၄ ပေရှိ မြေသားရေကန်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေ ကျပ် ၉.၇ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ၍ ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်၍ တူးဖော် လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ် ထံမှသိရသည်။
အဆိုပါမြေသား ရေကန်ပြန်လည်တူးဖော် ပြီးစီးပါက ဒေသခံပြည်သူများနှင့် ၎င်းတို့မွေးမြူထားသော တိရစာ္ဆန်များ သောက်သုံးရေအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)