ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ ဓမ္မပူဇာတရားပွဲ ဝါးခယ်မတွင် ကျင်းပမည်

ဝါးခယ်မ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဘက် ရွှေကျင်သာသနာပိုင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသ၏ ဓမ္မပူဇာတရားပွဲကို ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီတွင် အ.ထ.က (၁) ကျောင်းရှေ့၊ မြို့မ ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများမှ တရားတော်နာ ဧည့်ပရိတ်သတ်များအား တရားပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့နှင့် တာဝန်ရှိ သူများ က ကြို / ပို့ ယာဉ်များ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)