မိုင်းတုံမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့စုပေါင်း၍ အစာ အဟာရနှင့် အသုံး အဆောင်ပစ္စည်းများလှူဒါန်း

မိုင်းတုံ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နှင်းကလျာစောနှင့်အဖွဲ့များစု‌ပေါင်း၍ ယမန်နေ့နံနက်(၈) နာရီက အစာအာဟာရနှင့်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းလျက် ရှိကြောင်းသိရသည်။

အဆိုပါလှူဒါန်းမှုကို ပုံမှန်ကာကွယ်ဆေးလာ‌ ရောက်ထိုးနှံသည့် ကလေးမိခင်များအား တစ်ဦးလျှင် အိုင်အိုဒင်းဆားတစ်ထုပ်စီ အထုပ်(၅၀)ထုပ်၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် ကြက်ဥ(၁၀)လုံး(၁၀၀)လုံးနှင့် အိုင်အိုဒင်းဆား တစ်ထုပ်စီ(၁၀)ထုပ်နှင့် ဆေးရုံတွင်တက် ရောက်နေသောမွေးလူနာ(၄)ဦးအား တစ်ဦးလျှင် လူကြီးသုံးစောင်(၁)ထည်၊ က‌လေးသုံး စောင်သေး(၁)ထည်၊ ခေါင်းအုံး(၁)လုံး၊ ခေါင်းအုံးစွပ်(၁)ထည်၊ ပိတ်နှီး(၅)ထည်၊ လုံချည်(၂)ကွင်း၊ ကလေးခြေအိတ် လက်အိတ်(၁)စုံနှုန်း လှူဒါန်းပေး ခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင် (ပြန်/ဆက်)